Print

ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ

  01-Mar-2017
Preview Image

 

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံး နည်းလမ်းတွေပါပဲ။ ဆဲလ်သေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။

• အရင်ဆုံးမျက်နှာသစ်ပါ။
• ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးစွတ် အရည်ညှစ်ပြီး မျက်နှာပေါ် ခဏတင်ထားပါ။
• ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
• ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ် လိမ်းပါ။
• ခဏနေရင် ရေဆေးချ လိုက်ရုံပါပဲ။
• တစ်ပတ်မှာ တစ်ခါထက်တော့ပိုပြီး မလုပ်မိစေနဲ့နော်။ အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက် သွားနိုင်တယ်လေ။ ချွေးပေါက်လေးတွေ ကျဉ်းစေတဲ့ အကုန်အကျလည်း မများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင် …။

 

သခွားသီးနှင့်ထောပတ်သီး မျက်နှာပေါင်းတင်ဆေး
ပါးပါးလှီးထားတဲ့ သခွားသီး လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်၊ ထောပတ်သီး လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း အားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Balender နဲ့ ရောမွှေလိုက်နော်။ ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင် လိမ်းပေးပါ။ ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေး ချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။ မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေ ကျဉ်းပြီး နူးည့ံချောမွေ့နေတဲ့ မျက်နှာလေး ကိုတွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။

 

ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး
သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။ ပြီးတော့ မျက်လုံးတစ်ဝိုက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။ ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရင်မ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေ ကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။ 

 

ငှက်ပျောသီးနှင့် ပျားရည်ပေါင်းတင်ဆေး
ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။ ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေး ရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။ အရမ်းလွယ်တယ်နော် ။ ဒါပေမဲ့ အရမ်းလည်း အစွမ်းထက်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးည့ံချောမွေ့စေတယ်လေ။ ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။ ငှက်ပျောသီး အစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနှင့် ပျားရည်ကိုရောပြီးတော့လည်း လုပ်လို့ရတယ်နော်။ အပေါ်မှာပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ ကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှပလာမှာနော်။ ချွေးပေါက်တွေ ကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ပါစေရှင်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
Health for all magazine

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18